စီးပွါးအောင်မြင်ရေး နည်းလမ်း ၄ သွယ်
စီးပွါးအောင်မြင်ရေး နည်းလမ်း ၄ သွယ် လူတိုင်းလူတိုင်း ချမ်းသာချင်ကြတယ်၊ အခုမှ မဟုတ်ပါဘူး၊ ဟိုးရှေးရှေးတုန်းကတည်းကပါ။ မြတ်စွာ ဘုရားလက်ထက် ကောလိယတိုင်း သက္ကရဘတ္တမြို့မှာ ဒီဃဇာနုဆိုတဲ့ပုဂ္ဂိုလ်က မြတ်စွာဘုရားကို ဒီလိုလျှောက်တယ်။ ဒီဘဝမှာ ချမ်းချမ်းသာသာနေချင်ပါတယ်။ အဲ့လိုဖြစ်အောင် လုပ်နိုင်တဲ့နည်းလမ်းများ ရှိပါသလား။ မြတ်စွာဘုရားကလည်း ရှိတယ်လို့ ပြန်ဖြေတယ်။ ဒီဘဝအတွက် ဟိတသုခ အခြေအနေကောင်းတွေနဲ့ ချမ်းသာသုခကို ရစေနိုင်တဲ့အချက် ၄ ချက် ရှိတယ်လို့ ပြန်လည်ဟောကြားတယ်။ အဲ့ဒါကတော့ ၁။ ဥဋ္ဌာနသမ္ပဒါ ၊ ကိုယ်လုပ်တဲ့ လုပ်ငန်းနဲ့ ပတ်သက်ပြီး ကြိုးကြိုးစား တက်တက်ကြွကြွ လုပ်ကိုင် ရမယ်လို့ အဓိပ္ပါယ်ရတယ်။ ကြိုးစားတိုင်းရသလားဆိုတော့ မရပါဘူးတဲ့။ (က) ဒက္ခ- လုပ်ငန်းကျွမ်းကျင်မှု ရှိရမယ်။ ( ခ ) အနလသ- ဇွဲကောင်းမှု ရှိရမယ်။ မပျင်းရိရဘူး။ ( ဂ ) ဥပါယဝီမံသ - နည်းစနစ် ရှိရမယ်။ ကြိုးစားရုံတခုတည်းနှင့်လည်း လုပ်ငန်းတခု အောင်မြင်မှု မရနိုင်ပါဘူး။ အဲ့ကြိုးစားမှုထဲမှာ အရေးအကြီးဆုံးဖြစ်တဲ့ လုပ်ငန်းကျွမ်းကျင်မှုရယ် ဇွဲကောင်းမှုရယ် နည်းစနစ်ရယ်ကလည်း အရေးကြီးပါတယ်။ ဒါ..လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ ကျော်က မြတ်စွာဘုရားကိုယ်တိုင် စီးပွါ...